“နိပါတ်တော်လာ ဇာတ်သဘင်မဟာ အစီအစဉ်” မှ “စန္ဒကိန္နရီ” ဇာတ်တော်ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်



နေပြည်တော်   မတ်   ၂၂


မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ   ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာ ဗဟုသုတရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့်   “နိပါတ်တော်လာ  ဇာတ်သဘင် မဟာအစီအစဉ်”    ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။


အဆိုပါ အစီအစဉ်မှ “စန္ဒကိန္နရီ” ဇာတ်တော်ကို  ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှု၊ ဆန်းနေအောင်၊ ထက်ကို၊ ချမ်းချမ်းမိုးနှင့်အတူ သဘင်အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။


ထိုသို့တင်ဆက်မှုကို  မတ် ၂၅ ရက်    (စနေနေ့)  ည ၉ နာရီခန့်တွင်  ပြသမည်ဖြစ်ပြီး  မတ် ၂၉ ရက် (ဗုဒ္ဓဟူးနေ့)  ညနေ ၆ နာရီခွဲတွင်လည်း  ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.