လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေး
မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ မတ် ၁၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် မလွန်ကျေးရွာ၊ ကတကျေးရွာနှင့် ရေခါးကျေးရွာတို့တွင် ပျက်စီးသွားသည့် နေအိမ်များအား တာဝန်ရှိသူများက မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျေးရွာများသို့ သွားရောက်၍ နေအိမ်ပျက်စီးသည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကုလားပဲနှင့် အိမ်ပြင်ဆင်စရိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ဇာဇာ(အထက်မင်းလှ)
No comments