တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား
ဖနောင်ပင်၊ မတ် ၂၃
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဟွန်ဆန်က ယမန်နေ့တွင် ပြောကြားသည်။
တရုတ်နိုင်ငံက ယခုကဲ့သို့ ကြီးမားသည့်ဈေးကွက်အဖြစ်
ရပ်တည်နိုင်ရန် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်စွာကုန်သွယ်မှု ဆိုင်ရာသဘောတူညီချက် (CCFTA) နှင့် ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ
သဘောတူညီချက်(RCEP)တို့က များစွာပံ့ပိုးပေးခဲ့ကြောင်းနှင့် တရုတ်ဈေးကွက်သည် အာဆီယံနိုင်ငံများအတွက် အကျိုးကျေးဇူး များစွာရှိခဲ့ကြောင်းလည်း ၎င်းက
ဖြည့်စွက်ပြောကြားသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံက ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒကို ပြင်ဆင်သတ်မှတ်ခဲ့သည့်အတွက်
ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများသို့ တရုတ်ခရီးသည်များ ခရီးသွားလာမှု ပြန်လည်
များပြားလာမည်ဖြစ်ကြောင်း ဟွန်ဆန်က ထပ်လောင်းပြောကြားသည်။
ကိုးကား - ခမာတိုင်းစ်၊
ဘာသာပြန် - စိုးသူရ
No comments