(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာသစ်-ပဒက်ကွန်ကရစ်လမ်းဖွင့်လှစ်






အိမ်မဲ မတ် ၁၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနှင့် ပဒက်ကျေးရွာ ဆက်သွယ်သည့် ကွန်ကရစ်လမ်းအား မတ် ၁၇ ရက်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ ရွာသစ်- ပဒက်လမ်းမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ၁၉၁ ဒသမ ၁၃၉ သန်းဖြင့် ဧရာဝတီဘောဂကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၁၁၄၁ အိမ်၊ လူဦးရေ ၅၄၀၉ ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကျားနဖူးကျေးရွာအုပ်စုရှိ တောင်သူ ဦးစောသာဒိုးစိုး၏ ကွင်းအမှတ် (၁၁၅- ခ)၊ ဦးပိုင်အမှတ် (၄)၊ (ဂျောင်ကြီးကွင်း)၊ လယ်မြေ (၉) ဧကတွင် နွေစပါးစံပြစိုက်ကွက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ချစ်သက်လယ်(အိမ်မဲ)

No comments

Powered by Blogger.