မာလာဝီနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဖရက်ဒီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၉၉ ဦးရှိ
မတ် ၁၄
မာလာဝီနိုင်ငံတွင် ယမန်နေ့ညနေပိုင်းက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၉၉ ဦးရှိကြောင်း အာဏာပိုင်များက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမုန်တိုင်းကြောင့် သေဆုံးသူများအနက် ၈၅ ဦးသည် ဒုတိယအကြီးဆုံးမြို့နှင့် စီးပွားရေးမြို့ဖြစ်သည့် ဘလန်တရီမြို့မှဖြစ်ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်နှင့်စီမံခန့်ခွဲရေးရာဌာန၏ကော်မရှင်နာ ချာလတ်ကာလမ်ဘာက ယင်းမုန်တိုင်းတိုက်မှုကြောင့် လူထောင်နှင့်ချီ၍ နေအိမ်များကိုစွန့်ခွာထွက်ပြေးရသည်ဟု ပြောကြားသည်။
ထိုဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော ခရိုင် ၁၀ ခုတွင် ပစ္စည်းဉစ္စာများဆုံးရှုံးခဲ့ကြောင်းနှင့် ဘလန်တရီမြို့တွင် ဒဏ်ရာပြင်းထန်သူ ၁၃၄ ဦးရှိပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဖော်ပြထားသည်။
ဘလန်တရီမြို့အပါအဝင် ခရိုင်များတွင် မုန်တိုင်းဒဏ်ခံခဲ့ရပြီး မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများနှင့် လူနေအိမ်များပြိုကျမှုကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
မာလာဝီသမ္မတ လာဇာရတ်ချာဝီရာက နိုင်ငံတောင်ပိုင်းရှိ မုန်တိုင်းဒဏ်ခံရသော ခရိုင် ၁၀ ခုတွင် အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments