လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ရန်ကုန်လေဆိပ်သို့ရောက်ရှိ





နေပြည်တော် မတ် ၁၈


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd. မှ တင်သွင်းလာ သည့် LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၅)ခု သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်း လွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.