ဂျပန်နိုင်ငံ၌ ပြည်ပနိုင်ငံသားအရေအတွက် သုံးသန်းကျော်ရှိသဖြင့် ပထမဆုံးအကြိမ်စံချိန်တင်မြင့်မား



မတ် ၂၄

ဂျပန်နိုင်ငံတွင် ယမန်နှစ်က နှစ်ကုန်ပိုင်းအထိ ပြည်ပနိုင်ငံသားအရေအတွက် သုံးသန်းကျော်ရှိသဖြင့် စံချိန်တင်မြင့်မားခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီက ပြီးခဲ့သည့်နှစ်ကထက် ၃၁၀၀၀၀ ကျော် ပိုမိုများပြားသဖြင့် ၃၀၇၀၀၀၀ အထိ မြင့်တက်လာသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် ကျောင်းလာတက်သည့်ပြည်ပနိုင်ငံသားအရေအတွက်သည် ၉၀၀၀၀ ကျော်မှ ၃၀၀၀၀၀ ကျော်အထိ များပြားလာသည်။ နိုင်ငံခြားနည်းပညာသင်တန်းသားအရေအတွက်သည် ၅၀၀၀၀ ဝန်းကျင်မှ ၃၂၀၀၀၀ ကျော်မြင့်တက်လာသည်။

ဗီဇာသက်တမ်းကျော်လွန်ကာနေထိုင်သဖြင့်လည်းကောင်း၊ အခြားအကြောင်းအရာများကြောင့်လည်းကောင်း နိုင်ငံမှ ထွက်ခွာရန် အမိန့်ချမှတ်ခံထားရသည့် ပြည်ပနိုင်ငံသားအရေအတွက်သည် ၁၀၃၀၀ ကျော်ရှိလာသည်။

ထိုကိန်းဂဏန်းသည် ပြီးခဲ့သည့်နှစ်ကထက် ၇၇၀၀ လျော့နည်းခြင်းဖြစ်သည်ဟု သိရသည်။

ပြည်နှင်ဒဏ်ပေးခံရသူဦးရေ ၄၈၀၀ ခန့်ရှိရာ အစောပိုင်းနှစ်ကထက် ၆၇၀ ပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.