ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၈၅ ဦး ထပ်မံတွေ့ရှိ
မတ် ၂၄
ဂျပန်နိုင်ငံတွင် ယမန်နေ့က
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၈၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက
ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း လူ ၄၀ ထပ်မံသေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက
ဆိုသည်။
ထိုရောဂါထပ်မံကူးစက်ခံရသူများအနက်
၉၀၈ ဦးသည် မြို့တော်တိုကျိုမှဖြစ်သည်။ နေ့စဉ်ရောဂါကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းအစောပိုင်းကထက်
၂၂၈ ဦး ပိုမိုများပြားခဲ့သည်။
မြို့တော်တွင် ယင်းရောဂါဖြင့်
တစ်ဦးသေဆုံးခဲ့ကြောင်းနှင့် ရောဂါကူးစက်မှုပြင်းထန်သဖြင့် ကျန်းမာရေး အခြေအနေဆိုးရွားသူ
လေးဦးရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် နေ့စဉ်ရောဂါကူးစက်မှုအရေအတွက်
၁၀၀၀၀ အောက်လျော့ကျလာသည်မှာ ၁၅ ရက် ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments