၂၀၂၃ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်
နေပြည်တော်၊ ၂၇ ဧပြီ
အနောက်တောင်မုတ်သုံလေ
၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
ရက်မှ ၆ ရက် (မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊
နယုန်လဆန်း ၁၄ ရက်နေ့မှ နယုန်လပြည့်ကျော်
၄ရက်) အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ၀င်ရောက်ဖွယ်ရာရှိပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊
တော်သလင်းလပြည့်ကျော်ခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာ
ရှိပါသည်။
မိုးဦးကာလ ခန့်မှန်းချက်
မိုးဦးကာလသည် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်
၀င်ရောက်သည့် နေ့မှ ဇွန်လကုန်အထိ ဖြစ်သည်။ မိုးဦးကာလအတွင်း
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း
(၄) ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ
မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်း
ငယ်မှ အားအသင့်အတင့် ရှိနိုင်သည်။ မိုးရွာသွန်းမှုအခြေအနေမှာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊
ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊
သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့
တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များ၏အထက်
မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်
ဖွယ်မရှိပါ။
မိုးလယ်ကာလ ခန့်မှန်းချက်
မိုးလယ်ကာလသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက် မှ သြဂုတ်လကုန်အထိ ဖြစ်သည်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း
၄ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည်
အားကောင်းနိုင်သည်။ မိုးရွာသွန်းမှုအခြေအနေမှာ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင်
ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့်
ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေသည်
ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊
မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည်
ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊
ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည်
မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်
မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်တစ်ကြိမ်ခန့်၊
သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊
သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ် ကြိမ်ခန့်၊ ငဝန်မြစ်ရေသည်
ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊
တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည်
ကျောက်တော်မြို့တွင် တစ်ကြိမ်ခန့်၊
လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည်
ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့်
ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သည်။
မိုးနှောင်းကာလ ခန့်မှန်းချက်
မိုးနှောင်းကာလသည်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တစ်ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ
ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်သည်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃) ကြိမ်
ဖြစ်ပေါ်နိုင်ပြီး၊ တစ်ကြိမ်တွင် ပိုမို အားကောင်းလာကာ
မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်
မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်သည်။ မိုးရွာသွန်းမှုအခြေအနေမှာ
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း
ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၊
ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည်
ကလေးမြို့တွင် တစ်ကြိမ်ခန့်၊
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည်
တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည်
ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည်
ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည်
ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် တစ်ကြိမ်ခန့်စီနှင့် တိုးမြစ်ရေသည်
မအူပင်မြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏
စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သည်။
၂၀၂၃
ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
၂၀၂၃
ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း
၂၀၂၃ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ
၂၀၂၃ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်သည်။
၂၀၂၃
ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ
အနောက်တောင်မုတ်သုံလေသည်
မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါသည်-
(က) မေလ (၁၃ - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊
( ခ) မေလ (၁၉ - ၂၄) ရက်အတွင်း
မြစ်ဝကျွန်းပေါ်ဒေသများ၊
( ဂ) မေလ (၂၅ - ၃၁) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်
(ဃ) ဇွန်လ (၁ - ၆) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း လေးကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ နှစ်ကြိမ်တွင်
ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့
ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်သည်။
မိုးအခြေအနေ
မိုးရွာသွန်းမှုအခြေအနေမှာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊
နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်
အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။
မြစ်ရေအခြေအနေ
မိုးဦးကာလ
မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊
စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊
တိုးမြစ်၊ ကုလားတန် မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့ တစ်လျှောက်ရှိ
မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ် များ၏အထက် မြင့်တက်လာနိုင်သော်လည်း
ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင် ဖွယ်မရှိကြောင်း သိရသည်။
Credit>
မိုး/ဇလ

No comments