ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် စစ်သားနှစ်ဦး၊ အကြမ်းဖက်သမားနှစ်ဦးတို့သေဆုံး




ဧပြီ ၂၇


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပတ်ထန်ဟွာပြည်နယ် ခီဘာခရိုင်တွင် စစ်ဆင်ရေးတစ်ခုဆောင်ရွက် နေစဉ်အတွင်း အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ယမန်နေ့က ပြောကြားသည်။


ခီဘာခရိုင်တီရာ့ဒေသတွင် ဧပြီ ၂၆ ရက်က အကြမ်းဖက်အုပ်စုတစ်စုနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။


အဆိုပါတပ်ဖွဲ့များသည် အကြမ်းဖက်သမားများ၏တည်နေရာကိုစစ်ထိုးတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမား နှစ်ဦးသေဆုံးခဲ့ပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် စစ်သားနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။


သေဆုံးသူအကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.