လစ်ဗျားနိုင်ငံ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၁ ဦး ဖမ်းဆီးရမိ

 



ဧပြီ ၂၈


လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၏အရှေ့ဘက် ၅၅ ကီလိုမီတာအကွာ ဂါရာဘူလီကမ်းလွန်တွင် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၂၁ ဦးကိုဖမ်းဆီးရမိခဲ့သည်ဟု လစ်ဗျားအစိုးရက ယမန်နေ့က ပြောကြားသည်။


ရှာဖွေမှုနှင့်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် ဂါရာဘူလီကမ်းလွန်တွင် တရားမဝင်နေထိုင်သူ ၂၁ ဦးကို နေအိမ်တစ်လုံးအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေးဌာနက သတင်းထုတ်ပြန် ထားသည်။


အဆိုပါဖမ်းဆီးရမိသည့်သူများသည် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့မှဖြစ်သည်ဟု ဖော်ပြထားသည်။


လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ဂါရာဘူလီကမ်းလွန်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၁ ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး  ကလေးတစ်ဦးအပါအဝင် လူ ၁၁ ဦးအလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။


လစ်ဗျားအာဏာပိုင်များက ယခုနှစ်ယခုချိန်အထိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၃၃၅ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ မြေထဲပင်လယ်အလယ်ပိုင်းတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၁၀ သေဆုံးခဲ့ပြီး အခြား ၂၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏ပြောကြားချက်အရ သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.