အာဖဂန်နစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ၁၁ ဦး သေဆုံး၊ ကိုးဦးဒဏ်ရာရ

 



ဧပြီ ၂၇


အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာ့ခ်ရှ်ပြည်နယ်တွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ ခရီးသည် ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အာဆစ်ဝါဇီရီက ယနေ့တွင် ပြောကြားသည်။


အဆိုပါယာဉ်မတော်တဆဖြစ်ပွားမှုသည် နာဟာအီချာဟီခရိုင်တွင် ယမန်နေ့ညနေပိုင်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


ထိုယာဉ်မတော်တဆမှုတွင် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ကိုးဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် အချို့မှာ အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။


ယာဉ်များမဆင်မခြင်မောင်းနှင်ခြင်းနှင့် ဘေးကင်းလုံခြုံရေးအစီအမံများအားနည်းနေခြင်းတို့ကြောင့်  လူသေဆုံးသော ယာဉ်မတော်တဆမှု များ မကြာခဏဖြစ်ပွားလေ့ရှိသည်။


အာဖဂန်နစ္စတန်နိုင်ငံတွင် ဧပြီ ၂၁ ရက်နေ့နောက်ပိုင်းဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူ ၃၀ ထက်မနည်းသေဆုံးပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.