“အကယ်ဒမီပွဲကြို ” ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်



နေပြည်တော်  ဧပြီ ၂၆


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် “အကယ်ဒမီပွဲကြို” ရုပ်ရှင်ဇာတ်ဝင်တေးများ ဖျော်ဖြေပွဲကို  ဧပြီ (၂၈) ရက်၊ သောကြာနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။


အဆိုပါအစီအစဉ်တွင် “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့်  အကယ်ဒမီ ရဲအောင်၊ စိုးရန်အောင်၊ ဈာန်ထူး၊ စောဒယ်နီရယ်၊ လင်းဘုန်းကျော်၊ ဇော်မင်းဦး၊ မယ်လိုဒီ၊ အိအိလှိုင်၊ ရေဂျီးနား၊ မြနန္ဒာ နှင့် မြင့်မြတ်ကျော်တို့က သီဆိုဖျော် ဖြေကြမည်ဖြစ်ပြီး  ထိုသို့တင်ဆက်မှုကို ဧပြီ (၃၀) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.