အိန္ဒိယနိုင်ငံ၌ မိုးကြိုးပစ်မှုများကြောင့် ၁၅ ဦးသေဆုံး

 



ဧပြီ ၂၈


အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားအများအပြားဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ယနေ့ပြောကြားသည်။


တောင်ဘန်ဂေါခရိုင်များတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်မှုများဖြစ်ပွားခဲ့သည်။


ထိခိုက်သေဆုံးသူအများစုသည် မိုးကြိုးပစ်ချိန်တွင် စိုက်ပျိုးမြေများထွန်ယက်စိုက်ပျိုးနေသော လယ်သမားများဖြစ်ကြသည်ဟု တာဝန်ရှိသူများကဆိုသည်။


ယမန်နေ့ညနေပိုင်းက မိုးကြိုးပစ်မှုများကြောင့် အရှေ့ဘတ်ဝန်ပြည်နယ်တွင် ငါးဦး၊ မာရှီဒါဘတ်တွင် လေးဦးနှင့် အနောက် မစ်နာပိုနှင့် ဟိုဝပ်ရှ်ဒေသတို့တွင် သုံးဦးစီ သေဆုံးခဲ့ကြသည်ဟု ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မိုးကြိုးပစ်မှုများကြောင့်  လူအများအပြားဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။


အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မိုးကြိုးပစ်မှုများကြောင့် ၂၀၂၂ ခုနှစ်အတွင် လူပေါင်း ၉၀၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.