တံတားဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-1 မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ



တံတားဦး ဧပြီ  ၂၇


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-1  မှ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစတင်၍  အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။


တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၂၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉)ကျောင်း  စုစုပေါင်း (၁၃၀)ကျောင်းရှိပြီး Grade-1  မှ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာထားရာ ကျောင်းသား၊  ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက လာရောက်ကြည့်ရှု လျက်ရှိကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်( ပြန်/ဆက်)

No comments

Powered by Blogger.