ပါကစ္စတန်နိုင်ငံ၌ နှင်းထုပြိုကျမှုကြောင့် ၁၀ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ




မေ ၂၉


ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်-ဘယ်တစ်စတန် ဒေသတွင် မေလ ၂၇ ရက်က နှင်းထုပြိုကျမှုကြောင့် ၁၀ ဦး သေဆုံးပြီး အခြား ၁၀ ဦးဒဏ်ရာရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။


အဆိုပါနှင်းထုပြိုကျမှုကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများသည် ကြောက်ရွံ့နေကြကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များက ရာသီဥတုဆိုးရွားမှုနှင့် လမ်းများကောင်းမွန်မှုမရှိခြင်း စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့ကိုရှာဖွေကယ်ဆယ်ရန် ကြိုးစားလုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။


ထိုနှင်းထုပြိုကျမှုတွင် ဒဏ်ရာရရှိခဲ့ကြသည့် အမျိုးသမီးများနှင့် ကလေးများအပါအဝင်  ဒဏ်ရာရရှိသူအားလုံးကို အနီးနားရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။


၎င်းဒဏ်ရာရရှိသူများအနက် လူအများအပြားသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်ဟု ၎င်းကဆိုသည်။


လွန်ခဲ့သောသုံးရက်က ထိုဒေသတွင် မိုးသည်းထန်စွာရွားသွန်းမှုကြောင့် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.