ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်





နေပြည်တော် မေ ၂၆


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ခံတံတား မှ ယနေ့ ညနေပိုင်းတွင် MCL-5 ရေယာဉ်သည် သစ်ခွဲသား (၂၀၉) တန်၊ သွပ်ချပ် (၁၀၆၂၉၀) ၊ ဆန် အိတ်(၁၉၇၃၀)၊ မိုးကာတဲ (၃၇၂) လုံး၊ မိုးကာလိပ် (၆၈) လိပ်၊ အိမ်ရိုက်သံ (၁၁ဒသမ၇)တန်၊ သွပ်ရိုက်သံ (၂၁) တန်၊ ခေါက်ဆွဲခြောက် (၆၁)ဖာ၊ ကရိန်းကား (၃)စီး၊ ကေဘယ်လိပ် (၂၀) နှင့် ဆက်စပ်ပစ္စည်းအခု (၁၅၆၀)  စုစုပေါင်းတန် (၂၄၀၀) တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားသည်။


ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အနီး ကပ်ကြီးကြပ်မှုဖြင့် TMT ဆိပ်ခံတံတားမှ ရခိုင်ပြည်နယ်သို့ မေ၁၆ ရက်မှစ၍ ယနေ့ အထိ စစ်ရေယာဉ် (မုတ္တမ)၊ စစ်ရေယာဉ် (မဟာဗန္ဓုလ)၊ စစ်ရေ ယာဉ် (ပြည်တော်အေး ၂)၊ တပ်ဖွဲ့ တင်ရေယာဉ် (ချင်းတွင်း)၊ ထောက်ပံ့ရေး ရေယာဉ် (၆၀၃)၊ (၆၀၄)၊ MV. AQUARIOUS၊ MV.FORTUNE၊ MV.SUN SHINE၊ MCL-5 ရေယာဉ်တို့ဖြင့် ကူညီ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၁၁၂၉၄ဒသမ၈) တန်နှင့် ခိုင်ခိုင်ဖြိုး (၃၃)၊ (၃၄) ရေယာဉ်များဖြင့် ဒီဇယ် (၂၄၉၇၆၂) ဂါလံ၊ Octane 92 (၁၉၉၈၈၆) ဂါလံ အား စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.