ဩစတြီးယားနိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် လူနာသုံးဦးသေဆုံး




မေ ၃၁


ဩစတြီးယားနိုင်ငံ ဗီအန်နာမြို့တော်အနီး မိုဒလင်းဒေသရှိ ဆေးရုံတစ်ရုံတွင် ယမန်နေ့မနက်စောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။


မိုဒလင်းဒေသဆေးရုံ တတိယထပ်ရှိ အခန်းတစ်ခန်းတွင် ယမန်နေ့မနက် ၁ နာရီမထိုးမီက မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ဩစတြီးယားသတင်းအေဂျင်စီ အေပီအေ၏ ပြောကြားချက်အရ သိရသည်။


ထိုဆေးရုံမီးလောင်မှုကြောင့် လူနာအမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။


အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး လူနာ ၉၀ နီးပါးကို ထိုဆေးရုံမှဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု အေပီအေက ပြောကြားသည်။


ဆေးရုံမီးလောင်မှုကြောင့် သေဆုံးသူများတွင် အသက် ၇၅ နှစ်အရွယ်အမျိုးသားတစ်ဦးပါဝင်ပြီး  ၎င်း၏အိပ်ယာထဲတွင် ဆေးလိပ်သောက်မှုကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ညပိုင်းက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.