စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 



ရန်ကုန် မေ ၂၉


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ် (၉၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်အမှာ စကားပြောကြားသည်။


အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၂)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၄၅)ဦး၊ သင်တန်းသူ (၁၀၃)ဦး၊ စုစုပေါင်း(၁၄၈)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေ ၂၉ ရက်မှ ဩဂုတ် ၄ ရက်အထိ ရက်သတ္တ (၁၀)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်



No comments

Powered by Blogger.