အမေရိကန်နိုင်ငံ၌ အဆောက်အအုံပြိုကျမှုဖြစ်ပွား၊ လူငါးဦးပျောက်ဆုံးနေ

 



မေ ၃၁


အမေရိကန်နိုင်ငံ လိုဝါပြည်နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ခြောက်ထပ်အဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုကြောင့် ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။


အဆိုပါအဆောက်အအုံ၏ အနောက်ဘက်ပိုင်း ပျက်စီးခဲ့ကြောင်းနှင့် ကိုးဦးအား ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။


ထိုအဆောက်အအုံဖြိုချမှုသတင်းနှင့် ပတ်သက်ပြီး မေလ ၂၉ ရက် ညပိုင်းက ဆန္ဒပြသူများ စုဝေးရောက်ရှိလာကြောင်းနှင့် ဒေသခံအချို့ ပိတ်မိနေနိုင်သေးကြောင်း ဖော်ပြထားသည်။


ဖလော်ရီဒါပြည်နယ် ဆာ့ဆိုက်မြို့တွင် ၂၀၂၁ ခုနှစ်က ကွန်ဒိုအဆောက်အအုံတစ်လုံးပြိုကျမှုကြောင့် ၉၈ ဦး သေဆုံးခဲ့သည်။


ယခုနှစ် ဧပြီလက နယူးယောက်မြို့တွင် ကားပါကင်တစ်ခုပြိုကျခဲ့ရာ တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.