တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုလှိုင်းအသစ် ဖြစ်ပွားနေသဖြင့် ရောဂါကူးစက်မှုပိုမိုမြင့်တက်

 



မေ ၂၆


တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်းအသစ်နှင့် ရင်ဆိုင်နေရပြီး အပတ်စဉ်ကူးစက်မှုများသည် ဇွန်လကုန်ပိုင်းတွင် ကူးစက်မှုအရေအတွက်အမြင့်ဆုံးဖြစ်ပွားနိုင်သဖြင့် ကူးစက်ခံရသူ ၆၅ သန်းအထိရှိနိုင်ကြောင်း ကူးစက်ရောဂါကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။


မြို့တော်ပေကျင်းတွင် တစ်ပတ်အတွင်း ထိုရောဂါကူးစက်မှုအရေအတွက် ၂၅၀၀၀ အထိမြင့်တက်လာသည်ဟု ပေကျင်းကျန်းမာရေးအာဏာပိုင်များက မေလ ၂၄ ရက် ပြောကြားသည်။


ထိုရောဂါကူးစက်မှုအရေအတွက် အများဆုံးဖြစ်လာသည်မှာ သီတင်းပတ်လေးပတ်ဆက်တိုက်ရှိလာပြီဖြစ်သည်ဟု  ၎င်းတို့ကဆိုသည်။


ကူးစက်ရောဂါကျွမ်းကျင်သူတစ်ဦးက နိုင်ငံအတွင်းအပတ်စဉ်ကူးစက်မှုသည် မေလကုန်ပိုင်းတွင် သန်း ၄၀ အထိ၊ ဇွန်လကုန်ပိုင်းတွင်  ၆၅ သန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း မေလ ၂၂ ရက်က ပြောကြားသည်။


ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ၎င်းရောဂါထပ်မံကူးစက်မှုများဖြစ်ပွားနေချိန်တွင် အများပြည်သူ သွားလာရာနေရာများတွင် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်မှုအပါအဝင် ရောဂါကူးစက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် ပေကျင်းမြို့တော်ရှိပြည်သူများအား တိုက်တွန်းပြောကြားထားသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.