ပါကစ္စတန်နိုင်ငံတောင်ပိုင်း၌ မိုးကြိုးပစ်ခံရမှုကြောင့် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ




မေ ၃၁


ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် တာပါကာခရိုင်တွင် ယမန်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။


အဆိုပါမိုးကြိုးပစ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူအားလုံးသည် တာပါကာခရိုင်မှဖြစ်ကြောင်းနှင့် သေဆုံးသူများတွင် ငယ်ရွယ်သူငါးဦးနှင့် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ထပ်လောင်းပြောသည်။


ထိုခရိုင်ရှိ ဆာတာရိုကျေးရွာတွင် ယမန်နေ့မနက်စောပိုင်းက ဒေသတွင်းဘာသာရေးပွဲတော်တစ်ခုသို့ တက်ရောက်ရန် လမ်းမပေါ်တွင် လူအများအပြားလမ်းလျှောက်နေချိန် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


ကယ်ဆယ်ရေးသမားက ထိခိုက်ဒဏ်ရာရသူများအား ဒေသတွင်းဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.