ကျိုင်းတုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျိုင်းတုံ ဇွန် ၁


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊  အလယ်တန်း၊ မူလတန်းကျောင်းများကို  ဇွန် ၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက်ရှိသည်။


ကျိုင်းတုံမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံသူ ကျောင်းသား ကျောင်းသူ  ၂၂၄၉၈ ဦး ရှိကြောင်းသိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ  ၇၉၃၅၃ ဦး ရှိကြောင်းသိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)






No comments

Powered by Blogger.