မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

  



မိတ္ထီလာ မေ၂၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက်ပိုင်းက အထက (၂) ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။


ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားပြီး ပညာရေးစနစ်နှင့်  မြို့နယ်အတွင်း ပညာရေး ဆိုင်ရာများအကြောင်းကို မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်က ရှင်းလင်းပြောကြားသည်။ ထိုနောက် KG မှ Grade12 အထိ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်သော ကျောင်းဝတ်စုံများ၊ သင်ကြားရေး အထောက်အကူပြုစာအုပ်များ၊ စာရေးကိရိယာများကို  ကျောင်းသား ကျောင်းသူများထံ ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။


ချမ်းသာ(မိတ္ထီလာ)

No comments

Powered by Blogger.