ဩစတြေးလျနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ဆယ်ကျော်သက်အရွယ်လေးဦးသေဆုံး၊ အခြားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ




မေ ၂၉


ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် မေလ ၂၇ ရက်က ယာဉ်မတော်မှုဖြစ်ပွားခဲ့သဖြင့် ဆယ်ကျော်သက်အရွယ်လေးဦးသေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဖော်ပြထားသည်။


အဆိုပါယာဉ်ပေါ်တွင် လူငါးဦးလိုက်ပါလာကြောင်းနှင့် ထိုပြည်နယ်အနောက်ဘက်ရှိ ဝန်နန်-နီဂရတ်တာလမ်းမတစ်လျှောက် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ သစ်ပင်တစ်ပင်ကိုဝင်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ပြောကြားသည်။


ယာဉ်မတော်တဆမှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးလေးဦးသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိန်းကလေးတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။


ထိုယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။


ယာဉ်မတော်တဆမှုဖြစ်ပွားရာလမ်းမကိုပိတ်ဆို့ထားပြီး ၂၄ နာရီကြာ လမ်းအသုံးပြုမှုပိတ်ထားခဲ့ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.