ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားတစ်သန်း ဝင်ရောက်

 



ဇွန် ၁


ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံးအတွက် တရုတ်ခရီးသွားငါးသန်းဝင်ရောက်မည်ဟု ရည်မှန်းထားရာ မေလလယ်ပိုင်းအထိ တရုတ်ခရီးသွားတစ်သန်းဝင်ရောက်မှုရှိခဲ့သည်ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။


ကိုဗစ်အလွန်တရုတ်ခရီးသွားများအား ပြန်လည်ခရီးသွားလာခွင့်ပြုခြင်းသည် ထိုင်းနိုင်ငံအတွက် အခွင့်အရေးဖြစ်ကြောင်း ထိုင်းခရီးသွားလုပ်ငန်း၏ အရှေ့အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ချူဝတ်ဆာရီဗီကူလ်က သတင်းထောက်များကို ပြောကြားသည်။


အစိုးရက တရုတ်ခရီးသွားများ၏ ငွေကြေးသုံးစွဲမှုသည် ထိုင်းဘတ် ၄၄၆ သန်း ( အမေရိကန်ဒေါ်လာ ၁၃.၁၈ ဘီလီယံ)အထိ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။


မိမိတို့အနေဖြင့် တရုတ်လေကြောင်းလိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းနှင့် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းများ တိုးချဲ့လုပ်ဆောင်ရန်ကြိုးစားနေကြောင်း ၎င်းကပြောကြားသည်။


အောက်တိုဘာမှ ဧပြီလအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံကြား လေကြောင်းခရီးစဉ် ၁၂၈၀၅ ရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့သည်ဟု သိရသည်။ စက်တင်ဘာလကုန်ပိုင်းတွင် လေကြောင်းခရီးစဉ်အရေအတွက် ၄၆၀၀၀ ကျော် ပိုမိုလာမည်ဟု မျှော်မှန်းထားသည်။


ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၁၁ ဒသမ ၁၅ သန်း နှင့်နှိုင်းယှဉ်ပါက  ဇန်နဝါရီလမှ မေလအလယ်ပိုင်းအထိ ခရီးသွားဝင်ရောက်မှု ၉ ဒသမ ၄၇ သန်းရှိသဖြင့် ခရီးသွားဝင်ရောက်မှုစံချိန်တင်ခဲ့သည်ဟု အစိုးရက အစောပိုင်းက ပြောကြားသည်။


ကပ်ရောဂါအကြိုကာလ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွား သန်း ၄၀ နီးပါးရှိသည့်အနက် ၂၈ ရာခိုင်နှုန်းခန့်သည် တရုတ်ခရီးသွားများဖြစ်သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.