နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နဝမအကြိမ် သံဃနာယကနှင့်ဝိနည်းဓိုရ် ဗဟိုအဆင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ





ရန်ကုန် မေ ၂၆


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နဝမအကြိမ် သံဃနာယကနှင့်ဝိနည်းဓိုရ် ဗဟိုအဆင့် မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော မဟာနာယကဆရာတော်ကြီး များက သင်တန်းတက်ရောက်ခဲ့ကြသည့် သံဃာတော်များကို သင်တန်းဆင်းလက်မှတ်များ ဆက်ကပ်ခဲ့သည်။


သင်တန်းဆင်းပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများ၊ သင်တန်းသား သံဃာတော်များအား သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နဝမအကြိမ် သံဃနာယကနှင့်ဝိနည်းဓိုရ် ဗဟိုအဆင့် မွမ်းမံသင်တန်းကို ၂၀၂၃ ခုနှစ် မေ ၁၅ ရက်မှ ၂၅ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ဖွင့်လှစ်ခဲ့သည်။


သင်တန်းဖွင့်ပွဲကို မေ ၁၅ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်သံဃ မဟာနာယ ကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများ၊ သင်တန်းတက်ရောက်ကြသည့် သံဃာတော်များ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဖွင့်ပွဲအပြီးတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများနှင့် သင်တန်းတက်ရောက်ကြသည့် သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်တန်းဆိုင်ရာ စာအုပ်များ၊ စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်၊ တွဲဖက်အကျိုးတော်ဆောင်၊ အဖွဲ့ဝင်ဆရာတော်များ၊ သီးခြားဂိုဏ်း ၈ ဂိုဏ်းမှ ဂိုဏ်းကိုယ်စားလှယ်ဆရာတော်များ စုစုပေါင်းသံဃာတော် ၄၅ ပါး၊ နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်သာသနာရေးမှူးရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။


သင်တန်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ၊ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ရွှေဘိုဆရာတော် ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ၊ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ချမ်းမြသာစည်ဆရာတော် ဘဒ္ဒန္တသီဟနာဒ၊ အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ နေနတ်သားဆရာတော် ဘဒ္ဒန္တသုစိတ္တနှင့် အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ရွှေတောင်ဆရာတော် ဘဒ္ဒန္တကောဝိဒတို့က သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ သံဃာ့အဖွဲ့ အစည်း လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ၊ သံဃနာယကလက်စွဲနှင့် ညွှန်ကြားလွှာ များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်က တရားရေးရာကိစ္စရပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေရုံးမှ ရုံးအဖွဲ့မှူး ဒေါ်မေသက်မွန်က ဥပဒေ ရေးရာကိုလည်းကောင်း၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးက ဝိနိစ္ဆယ ဆုံးဖြတ် ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာများကိုလည်းကောင်း ပို့ချခဲ့ကြောင်းသိရသည်။ 


သတင်းစဉ်

No comments

Powered by Blogger.