ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့






နေပြည်တော် မေ ၃၀ 


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Charites ရေယာဉ်သည် သွပ် (၁၁၂,၆၂၇) ချပ်၊ ဘိလပ် မြေအိတ် (၃,၀၀၀) ၊ သံချောင်းတန် (၄၀၀) ၊ မိုးကာဖျင် (၂၉၇) လိပ်၊ အိမ်ရိုက်သံဖာ (၄၀) ၊ သစ်တင်ယာဉ် (၄) စီး၊ ကျွန်းသစ်လုံး (၁,၁၁၁) လုံး၊ သစ်ခွဲသား (၁၀၁ဒသမ၅) တန်၊ Hollow Pipeချောင်း (၉,၀၀၀) ၊ ရေသန့်ကဒ် (၂၈၄၀) ၊ ခေါက်ဆွဲ ခြောက် (၅၄၆၇) ဖာ၊ အသင့်စားသောက် ကုန်များ၊ အဝတ်အထည်များနှင့် အိမ်သုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း တန်ချိန် (၂,၇၀၀) တင်ဆောင်၍ စစ်တွေမြို့သို့        ယနေ့ နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ထွက်ခွာသွားကြောင်း သိရသည်။


ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ၁၆ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် စုစုပေါင်းရေယာဉ် (၁၄) စီးဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၁၈,၅၁၁) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံအား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.