ပြည်ထောင်စုဝန်ကြီး ဦးကိုကို စင်္ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး





နေပြည်တော် မေ ၄


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် စင်္ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ ရုရှားအော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ရန်ကုန်မြို့၌ ရုရှားအော်သိုဒေါ့ဘုရားကျောင်း တည်ဆောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဘာသာရေးနှင့်ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်မည့်ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.