အားပြင်းတိုင်ဖွန်းမုန်တိုင်း မဝါ(Mawar) ဂူအမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်

 



မေ ၂၅


အားပြင်းတိုင်ဖွန်းမုန်တိုင်း မဝါ(Mawar)သည် ဂူအမ်ကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ တစ်နာရီ မိုင် ၁၄၀ နှုန်းဖြင့် လေပြင်းများတိုက်ခတ်ခဲ့သည်။


အဆိုပါ စူပါတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိုကျွန်းပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့သည်။


ယမန်နေ့ညနှောင်းပိုင်းက တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ဂူအမ်တစ်ကျွန်းလုံးနီးပါး မှောင်မည်းသွားခဲ့သည်ဟု မိုးလေဝသချန်နယ်တွင် ဖော်ပြထားသည်။


ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုစာရင်းကို ဖော်ပြထားခြင်းမရှိကြောင်းနှင့် ၎င်းကျွန်းအနေဖြင့် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုဆိုင်ရာအကြံပေးချက်အောက်တွင်ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.