ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ ကို့လ်ကတ္တားမြို့၌ ကျင်းပသည့် BIMSTEC Business Conclave ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်‌ရောက်အမှာစကားပြောကြား





နေပြည်တော် ဇွန် ၁၅


အိန္ဒိယသမ္မတနိုင်ငံက ကို့လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင်  ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ မှ ၂ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ (၁)တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Valedictory Session ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားသည်။


အဆိုပါ ပိတ်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံ ပြည်ပ‌ရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး (Minister of State) H.E Dr. Rajkumar Ranjan Singh၊ ဘင်းစတက်နိုင်ငံများ၏ အတွင်းရေးမှူး ချုပ် H.E Mr. Tenzin Lekphell ၊ အိန္ဒိယနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဌ Mr. Mehul Mohanka နှင့် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းစတက်နိုင်ငံများမှ သံတမန်အကြီးအကဲများက အမှာစကားပြောကြားကြသည်။ 


ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၁၀နာရီတွင် ကျင်းပသော “Textiles and Garments” ဖိုရမ်နှင့် “Financial Inclusion, Technology and Regulatory Framework” ဖိုရမ်များသို့လည်း တက်ရောက်အားပေးသည်။

အဆိုပါ Textiles and Garments ဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် Financial Inclusion, Technology and Regulatory Framework ဖိုရမ်တွင် မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အတွင်းရေးမှူးချုပ် ဒေါ်ချောခင်ခင်တို့က Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.