စက်မှုကုန်ကြမ်း(ဝါး)စိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေး ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် ဇွန် ၁၅


စက်မှုကုန်ကြမ်း(ဝါး)စိုက်ခင်း စိစစ်ထောက်ခံချက်ပြုရေး ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော် သစ်တောဦးစီးဌာနနှင့် နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


 အစည်းအဝေးတွင် နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း နှင့် နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူး တို့က Naraindara Co;ltd မှ မျှစ်ခြောက်စက်ရုံအတွက် ဝါးစိုက်ခင်းတည်ထောင်ရန် မြေလွတ်၊ မြေရိုင်းများ လျှောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.