ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၇၅၇၂ ဦး တက်ရောက်သင်ကြား

နေပြည်တော် ဇွန် ၁


နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။


ဒက္ခိဏသီရိမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း သုံးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊  အလယ်တန်းကျောင်း(ခွဲ) ငါးကျောင်း၊ မူလတန်းလွန် သုံးကျောင်း၊ မူလတန်းကျောင်း ကိုးကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း လေးကျောင်း စုစုပေါင်း ၂၇ ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၅၇၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။


အောင်ကို(ပြန်/ဆက်)






No comments

Powered by Blogger.