တောင်ကိုရီးယားနိုင်ငံ၌ မေလအတွင်း အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်မှုရှိ

 



ဇွန် ၁၃


တောင်ကိုရီးယားနိုင်ငံ၌ စီးပွားရေးကျဆင်းမှုနှင့်ပတ်သက်ပြီးစိုးရိမ်မှုများမြင့်မားနေစဉ်အတွင်း လွန်ခဲ့သောလက အလုပ်လက်မဲ့နှုန်းမြင့်တက်လာသည်ကို အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့က အချက်အလက်ဖော်ပြထားသည်။


မေလအတွင်းက အလုပ်အကိုင်ရရှိရေးလျှောက်ထားလာသူအရေအတွက် ၈၆၀၀၀ ရှိရာ လွန်ခဲ့သောနှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၁ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီးဌာနက ပြောကြားသည်။


ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ယာယီနေရာထိုင်ခင်း၊ စားသောက်ဆိုင်နှင့် ကုန်ထုတ်လုပ်ငန်းများတွင် လျှောက်ထားသူများ အကျိုးခံစားခွင့် တိုးလာသည်။


တောင်ကိုရီးယားအစိုးရက အလုပ်လက်မဲ့များကိုကူညီရန် အလုပ်အကိုင်ရရှိရေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံအလုပ်အကိုင်အာမခံရန်ပုံငွေက ငွေကြေးထောက်ပံ့မှုပေးခဲ့သည်ဟု သိရသည်။


အကျိုးခံစားခွင့်ရရှိသည့် အလုပ်လက်မဲ့ဦးရေသည် မေလအတွင်းက ၆၅၇၀၀၀ ရှိလာသောကြောင့် အစောပိုင်းနှစ်ကထက် ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာသည်။ 


အကျိုးခံစားခွင့်ရှိသည့် အလုပ်လက်မဲ့ဦးရေသည် လေးလဆက်တိုက်မြင့်တက်လာသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.