တပ်ကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၇၄ ကျောင်းစတင်ဖွင့်လှစ်
နေပြည်တော် ဇွန် ၁
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၁၇၄ ကျောင်းကို ဇွန် ၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြား လျက်ရှိသည်။
တပ်ကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း ၁၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း နှစ်ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၃၉၀၂၆ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)
No comments