ဂျပန်နိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၈၉ သန်း ရောက်ရှိ
ဇွန် ၂၃
ဂျပန်နိုင်ငံသို့ မေလအတွင်းရောက်ရှိသည့် နိုင်ငံခြားခရီးသွားအရေအတွက် ၁၈၉၈၉၀၀ ရှိကြောင်း အစိုးရက ဖော်ပြထားသည်။
အဆိုပါခရီးသွားရောက်ရှိမှုသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် မေလက ရောက်ရှိသောခရီးသွားအရေအတွက်၏ ၆၈ ဒသမ ၅ ရာခိုင်နှုန်းနှင့်ညီမျှသည် အစိုးရကဖော်ပြထားသောအချက်အလက်အရ သိရသည်။
ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ခရီးသွားရောက်ရှိမှုလျော့နည်းခဲ့သော ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဂျပန်နိုင်ငံသို့ရောက်ရှိသော ခရီးသွားအရေအတွက်သည် အမြင့်မားဆုံးဖြစ်သည်ဟု ဂျပန်အမျိုးသားခရီးသွားအဖွဲ့အစည်းက ဇွန်လ ၂၁ ရက်ကပြောကြားသည်။
ယခုနှစ်အတွင်းရောက်ရှိသော နိုင်ငံခြားခရီးသွားအရေအတွက်သည် ၂၀၂၂ ခုနှစ် မေလတွင် ရောက်ရှိသောနိုင်ငံခြားခရီးသွားအရေအတွက်နှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၉ ဆရှိသည်ဟု ၎င်းအဖွဲ့ကထပ်လောင်းပြောသည်။
ပြည်ပသို့သွားရောက်သော ဂျပန်နိုင်ငံသားအရေအတွက် ၆၇၅၇၀၀ ရှိရာ လွန်ခဲ့သောနှစ် မေလက ပြည်ပထွက်ခွာသောနိုင်ငံသားအရေအတွက်ထက် ငါးဆပိုမိုများပြားခဲ့သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် အလားတူကာလကထက် ၅၃ ဒသမ ၀ ရာခိုင်နှုန်းလျော့နည်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments