ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၂၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၉)ရှိ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အသင်းအနေဖြင့် ရုရှားနှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပါဝင်ဆောင်ရွက် ပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားပြီး နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်များနှင့် ညှိနှိုင်းဆွေးနွေး မှုများမှတစ်ဆင့် လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီး သွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ငွေရေးကြေးရေးကဏ္ဍများအပါအဝင် မဟာဗျူဟာမြောက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင် မည့်အလားအလာများနှင့် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့်ပြပွဲများနှင့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းကြောင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုသာမက ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်
No comments