ဗီယက်နမ်နိုင်ငံ၌ ရဲစခန်းများတိုက်ခိုက်ခံရသဖြင့် လေးဦးသေဆုံး

 



ဇွန် ၁၃


ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် လက်နက်ကိုင်အုပ်စုတစ်စုက ရဲစခန်းများကို တိုက်ခိုက်ခဲ့သဖြင့် တာဝန်ရှိသူလေးဦး သေဆုံးခဲ့သည်။


အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများက လူ ၂၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြထားသည်။


ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကုန်းမြင့်ပြည်နယ် ဒက်ခ်လက်ခ်ရှိ ကျေးရွားနှစ်ရွာရှိ ရဲစခန်းများကို ထိုအုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုသည်။


ထိုပစ်ခတ်မှုကြောင့် ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံများလည်း ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်။


ယင်းတိုက်ခိုက်မှု၏နောက်ကွယ်ကအကြောင်းအရာနှင့် လုပ်ဆောင်ချက်တို့ကိုမူ ထိုဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.