ဝန်ကြီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်



နေပြည်တော် ဇွန် ၂၆


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကို  နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ ယနေ့မွန်းလွဲ ၃ နာရီတွင် ပြုလုပ် သည်။


ဖွင့်ပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ယခုသင်တန်းတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကိုပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အစပြု၍ ဥပဒေဆက်နွယ် ဘာသာရပ်များနှင့် စီမံခန့်ခွဲမှု ဘာသာရပ် များဖြစ်သည့်  စီးပွားရေးဆိုင်ရာ ဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ရုံးစာရေးသားနည်းများ၊ သံတမန်ရေးရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း


ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေဘာသာရပ်ကို ပို့ချပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသော အသိအမြင်၊ ဗဟုသုတများဖြင့် လုပ်ငန်းခွင်အတွင်း တာဝန် ကို ကျေပွန်စွာနှင့် ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်လာနိုင်စေရန် ရည်ရွယ်ပါကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းကို ဇွန် ရက်မှ ဩဂုတ် ရက်အထိ ရက်ပေါင်း ၄၀ ကြာသင်ကြားပို့ချသွား မည်ဖြစ်ကြောင်းနှင့် မွမ်းမံသင်တန်းအား စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.