မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပ ဘောလုံးချစ်ပရိသတ်များ သောင်းသောင်းဖြဖြအားပေး
ရန်ကုန် ဇွန် ၁၆
မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲဝင် အသင်းနှစ်သင်းအား ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။
ရန်ပုံငွေဘောလုံး ပြိုင်ပွဲကို မွန်းလွဲ ၃ နာရီတွင် စတင်ကျင်းပရာ ကောင်းထက်ဇော်၊ အောင်ရေချမ်း၊ ကျော်ဆု၊ လင်းမြတ်၊ မာန်ဟိန်း၊ စည်သူဝင်း၊ နက္ခတ်၊ မှူးသီဟသူ၊ ရှင်မွေလ၊ မိုးသူရ၊ မင်းဘုန်းမြတ်၊ အောင်ပိုင်၊ စောမင်းရာ၊ နက်ရှိုင်းကို၊ ဝေဇာကျော်၊ နေဝန်း၊ မိုးကောင်းကင် တို့ ပါဝင်သည့် Forever FC အသင်းနှင့် နေထက်လင်း၊ သူထူးစံ၊ ကောင်းခန့်၊ မိုးယံဇွန်၊ နေဒွေး၊ ကျော်ကျော်၊ ဘုန်းသျှံ၊ သာထက်၊ မင်းခန့်ကျော်၊ အိမ်အိမ်း၊ အိစိကွေး၊ ဖိုးဉာဏ်၊ နေဇာန်၊ နေသူရိန်၊ မျက်ပြူး၊ ထက်ဦးထွဋ်နှင့် မိုးမာန် တို့ပါဝင်သည့် ရုပ်ရှင်အသင်း(Movie FC)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ရုပ်ရှင်အသင်း (Movie FC) က Forever FC အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ညနေ ၅ နာရီတွင် ဒုတိယပွဲစဉ်အဖြစ် ထူးအယ်လင်း၊ ဆိုတေး၊ ဒီဖြိုး၊ အစ္စဏီ၊ ညီမင်းခိုင်၊ ဝေလျှံ၊ ဥဂ္ဂါ၊ ရာဝဏ၊ ရော်ရွက်၊ မုန်ဆန်အောင်၊ သီဟ၊ သာထူးအောင်၊ နေလင်းကျော်၊ ZG၊ ဘိုဘိုမြသိန်း၊ အောင်အောင်ဦး၊ မုန်ထွယ်အောင်တို့ ပါဝင်သည့် ဂီတအသင်း(Music FC) နှင့် နေလင်းဦး၊ အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ တင်မြင့်အောင်၊ သန်းဝေ၊ ကျော်မင်း၊ အေးနိုင်၊ တင်ဝင်း၊ မောင်မောင်ဌေး၊ စိုးမြတ်မင်း၊ ရန်ပိုင်၊ အောင်မျိုး၊ မောင်မောင်မြင့်၊ မြင့်ကို၊ ထွန်းကျော်၊ မိုးကျော်၊ ကျော်မျိုးဟန်၊ ဌေးလွင်၊ ယဉ်မင်းအောင်တို့ ပါဝင်သော မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း များဖြစ်သည့် ညွန့်ပေါင်းဘောလုံးအသင်း (Old Star FC)တို့ယှဉ်ပြိုင်ကစားကြရာ ဂီတအသင်း(Music FC)က ညွန့်ပေါင်း ဘောလုံးအသင်း (Old Star FC)အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ယနေ့အနိုင်ရရှိခဲ့သည့် ရုပ်ရှင်အသင်း(Movie FC)နှင့် ဂီတအသင်း (Music FC) အသင်းတို့သည် ဗိုလ်လုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး Forever FC အသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း(Old Star FC)တို့သည် တတိယနေရာလုပွဲအဖြစ် ဆက်လက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထို့ပြင် ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် အနုပညာရှင်များစွာ ပါဝင်သော တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး ထိုနေ့တွင်ရရှိသည့် ဘောလုံးပွဲဝင်ကြေးရန်ပုံငွေများကို မိုခါမုန်တိုင်း သဘာဝ ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments