ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်   ဇွန်   ၂၈


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်   ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင်  အဆိုပါဝန်ကြီးဌာနရှိ ရတနာခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်    မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့်   ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့်     အခွင့်အလမ်းများကို     ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ် မှုအောက်ရှိ  ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ    ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်


No comments

Powered by Blogger.