ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၆ ဒသမ ၂ ပမာဏ ငလျင်လှုပ်ခတ်
ဇွန် ၁၅
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘာတန်ဂတ်ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ပြင်းအား ၆ ဒသမ ၂ ပမာဏငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့်ငလျင်အဖွဲ့အစည်းက ပြောကြားသည်။
အဆိုပါငလျင်လှုပ်ခတ်မှုသည် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၉ မိနစ်က ဖြစ်ပွားခဲ့သည်ဟု ထိုအဖွဲ့အစည်းက ဆိုသည်။
ထိုငလျင်သည် မြို့တော်မနီလာ အနောက်တောင်ပိုင်း ဘာတန်ဂတ်ပြည်နယ် ကာကာတာဂန်မြို့၏ အနောက်တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ အနက် ၁၀၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
၎င်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်နိုင်ပြီး အပျက်အစီးများဖြစ်ပေါ်နိုင်သည်ဟု သိရသည်။
သို့သော်လည်း အပျက်အစီး သို့မဟုတ် ထိခိုက်ဒဏ်ရာရသေဆုံးမှုများကို ချက်ချင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments