ဂရိနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် ငါးဖမ်းသင်္ဘောတစ်စင်းနစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၈ ဦးရှိလာ
ဇွန် ၁၅
ဂရိနိုင်ငံအရှေ့တောင်ပိုင်းတွင် ယမန်နေ့က ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသော ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြထားသည်။
အဆိုပါသင်္ဘောနစ်မြုပ်မှုကြောင့် လူ ၇၈ ဦး သေဆုံးခဲ့သည်ဟု ရိုက်တာနှင့် အခြားသတင်းဌာနများက အတည်ပြုဖော်ပြထားသည်။
လူ ၁၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဂရိနိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ထိုငါးဖမ်းသင်္ဘောပေါ်တွင် လူ ၄၀၀ နီးပါးလိုက်ပါလာခြင်းဖြစ်နိုင်သည်ဟူသော ဂရိကမ်းခြေစောင့် တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ယင်းသင်္ဘောသည် မြောက်အာဖရိကမှ အီတလီသို့ ဦးတည်သွားနေခြင်းဖြစ်ပြီး နစ်မြုပ်မှုမှကျန်ရှိနေသူများအားရှာဖွေရန် ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
လှေ၊သင်္ဘောများနစ်မြုပ်ခြင်းနှင့် အခြားအကြောင်းအရာများကြောင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း သေဆုံးခဲ့သောရွှေ့ပြောင်းနေထိုင်သူပေါင်း ၂၀၀၀၀ ကျော်ရှိသည်ဟု နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments