ပင်လောင်းမြို့နယ်၌ ယာယီတိုက်ပွဲရှောင်ပြည်သူများအား စိုက်ပျိုးမြေနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
ပင်လောင်း ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယာယီတိုက်ပွဲရှောင်ပြည်သူများအား စိုက်ပျိုးရာသီအတွက် သီးနှံများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကား ပြောကြားသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် ယာယီတိုက်ပွဲရှောင်ပြည်သူများ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရန်အတွက် စပါးစိုက်ပျိုးမည့် တောင်သူများအား အိမ်ထောင်စုနှစ်စုလျှင် စိုက်ပျိုးမြေနေရာ တစ်ဧကနှုန်း၊ မိုးပုလဲမြေဩဇာတစ်အိတ်နှင့် ဆင်သီးစုံ မြေဩဇာ တစ်အိတ်၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများကို အိမ်ထောင်စု လေးစုလျှင် စိုက်ပျိုးမြေနေရာ တစ်ဧကနှုန်း၊ မိုးပုလဲမြေဩဇာ တစ်အိတ်နှင့် ဆင်သီးစုံမြေဩဇာ တစ်အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း အိမ်ထောင်စု ၃၀၁ စုအတွက် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments