ကာဇက်စတန်နိုင်ငံအရှေ့ပိုင်း၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်းသေဆုံး

 



ဇွန် ၁၂


ကာဇက်စတန်နိုင်ငံအရှေ့ပိုင်း အာဘီဒေသတွင် ဇွန်လ ၉ ရက်နေ့က တောမီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။


အဆိုပါတောမီးလောင်ကျွမ်းမှုတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို လူပေါင်း ၈၀၀ ကျော်ပါဝင် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ဘေးကင်းရာသို့ရွှေ့ပြောင်းနေထိုင်သော ဒေသခံ ၇၀၀ နီးပါးရှိကြောင်း ဖော်ပြထားသည်။


လေပြင်းများတိုက်ခတ်ခြင်း၊ လောင်ကျွမ်းမှုဧရိယာများပြားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ရှိနေသေးသော်လည်း  မီးလောင်ကျွမ်းမှုအခြေအနေကိုထိန်းချုပ်နိုင်ခဲ့ကြောင်း မီးသတ်ဝန်ဆောင်မှုကော်မတီအကြီးအကဲ နာဘိုလတ်ဒါဘီဆော့က ပြောကြားသည်။


ထိုတောမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းရင်းသည် မိုးကြိုးပစ်မှုနှစ်ကြိမ်ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.