ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ လက်နက်ကိုင်အုပ်စု၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
ဇွန် ၁၅
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင်အုပ်စုတစ်စုက ရဲကားတစ်စီးအား ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုသည် ကင်းပတ်နေသော ရဲကားတစ်စီး ကင်းလှည့်အပြီး စခန်းသို့ပြန်လာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုရဲကားသည် မာဂင်ဒါနာအိုဒလ်ဆာပြည်နယ်ရှိ ရှာရစ်အာဂတ်မြို့တွင် ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က လက်နက်ကိုင်အုပ်စု၏ချုံခိုတိုက်ခိုက်မှုကိုခံခဲ့ရသည်။
ချုံခိုတိုက်ခိုက်မှုဖြစ်ပွားသောနေရာသည် ဌာနချုပ်နှင့်အနည်းငယ်သာကွာဝေးကြောင်း ဒေသတွင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။
ထိုတိုက်ခိုက်မှုသည် မည်သည့်အုပ်စု၏ လက်ချက်ဆိုသည်ကိုမူ မသိရှိရသေးပေ။
ရဲတပ်ဖွဲ့က ချုံခိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments