ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီမှမေလအတွင်း နိုင်ငံခြားခရီးသွား ၄ ဒသမ ၆ သန်းဝင်ရောက်

 



ဇွန် ၁


ဗီယက်နမ်နိုင်ငံတွင် ပထမငါးလအတွင်း နိုင်ငံခြားခရီးသွား ၄ ဒသမ ၆ သန်းဝင်ရောက်ခဲ့ကြောင်းနှင့် ယခုနှစ်  ခရီးသွား ၈ သန်းဝင်ရောက်မည်ဟု မျှော်မှန်းထားသည့်အနက် မျှော်ခန်းခရီးသွားဝင်ရောက်မှု၏ ထက်ဝက်ကျော်ရှိလာပြီဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက ယမန်နေ့က ဖော်ပြထားသည်။


ဇန်နဝါရီလမှ မေလအတွင်းခရီးသွားဝင်ရောက်မှုသည် ကပ်ရောဂါအကြိုကာလ ခရီးသွားဝင်ရောက်မှု ၆၃ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟု သိရသည်။


ထိုကာလအတွင်း ဗီယက်နမ်နိုင်ငံအတွင်းသို့ ရေကြောင်းမှရောက်ရှိသူ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ကုန်းလမ်းမှရောက်ရှိသူသူ ၁၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် လေကြောင်းမှရောက်ရှိမှုသည် နိုင်ငံခြားခရီးသွားရောက်ရှိမှုစုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းရှိသည်ဟု အထွေထွေစာရင်းအင်းရုံးက ဖော်ပြထားသည်။


ဗီယက်နမ်နိုင်ငံသို့ ပထမငါးလအတွင်းရောက်ရှိသော ခရီးသွားအများစုသည် အာရှမှဖြစ်ပြီး ၇၄ ရာခိုင်နှုန်းနီးပါးသည် ဉရောပနှင့်အမေရိကန်နိုင်ငံတို့မှဖြစ်သည်။


ထိုကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ တရုတ်ခရီးသွား ၃၉၈၀၀၀ ကျော်၊ တောင်ကိုရီးယားခရီးသွား ၁ ဒသမ ၃ သန်းကျော်နှင့် အမေရိကန်ခရီးသွား ၃၀၇၀၀၀ ဝင်ရောက်ခဲ့သည်။ နိုင်ငံအတွင်း တောင်ကိုရီးယားခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး တရုတ်နှင့်အမေရိကန်ခရီးသွားများ ဝင်ရောက်မှုလည်းများပြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.