ပါကစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ




ဇွန် ၆


ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မန်ဒီဘာဟတ်ဒင်ခရိုင်တွင် ယမန်နေ့က ဗင်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့အကြား ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြထားသည်။


အဆိုပါမတော်တဆမှုသည် ၎င်းခရိုင်အတွင်း ဂူဂျရတ်လမ်းမပေါ်ရှိ ယာဉ်များအနက် ယာဉ်တစ်စီးက ဂငယ်ကွေ့ကေွ့ရာမှဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ထိုယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာမှာပင် အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။


ကယ်ဆယ်ရေးအဖွဲ့သည် မတော်တဆမှုဖြစ်ပွားသည့်နေရာသို့ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။


ပါကစ္စတန်နိုင်ငံတွင် လမ်းမများပျက်စီးယိုယွင်းနေခြင်း၊ ယာဉ်များကြံ့ခိုင်မှုအားနည်းခြင်းနှင့် လမ်းဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ လိုက်နာမှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.