စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန် ဇွန် ၁၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ်ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား(၂၀၁)ဦး၊ သင်တန်းသူ(၂၉၁)ဦး၊ စုစုပေါင်း(၄၉၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)
No comments