ကျွန်းစုမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျွန်းစု ဇွန် ၁


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ တက်ရောက်လျက်ရှိသည်။


ကျွန်းစုမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ၂၂ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၂၈ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၅၆ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ ၂၀ စုစုပေါင်း ၁၆၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း ခြောက်ကျောင်းရှိကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)





No comments

Powered by Blogger.